ပစ္စည်းပို့ဆောင်ပေးခြင်း

အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း

ကုန်ပစ္စည်းအမှာစာများ ရရှိအချိန်မှစ၍ နာရီပိုင်းအတွင်း အချက်အလက်များမှန် မမှန်စစ်ဆေးကြည့်ရှု့ ပါမည်။ လိုအပ်ပါက Form တွင်ဖြည့်သွင်းထားသော ဖုန်းနံပါတ်အား ပြန်လည်ခေါ်ယူ၍ နေရပ်လိပ်စာ နှင့် တကွ အချက်အလက်များအား အတည်ပြုချက်များရယူပါမည်။

ရန်ကုန်မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းနေ့ချင်း ကုန်ပစ္စည်းမှာယူ လိုပါက နေ့လည် (၁၂)နာရီမတိုင်မှီ မှာကြားရန်လိုအပ်ပါသည်။ မှာယူသည့် ကုန်ပစ္စည်းအား လာရောက်ပို့ဆောင်ခြင်း မပြုမှီ မှာယူသူထံသို့နာရီဝက် ကြိုတင်၍ဆက်သွယ်ပါမည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်များအား မှန်ကန်စွာဖြည့်သွင်းပေးရန်လိုအပ်ပါသည်။ (အချို့ထုတ်ကုန်ပစ္စည်းများသည် နေ့ချင်းအရောက်ပို့ဆောင်နိုင်မည်မဟုတ်ပါ)

  • နေ့ချင်းအမြန်ပို့ဆောင်ပေးစေလိုလျှင် ဝန်ဆောင်ခ - ၂၀၀၀ိ/ကျပ် { နေ့လည် ၁၁-နာရီ မတိုင်မှီ မှာယူသော ၀.၅ ကီလို အောက် ရှိသောပစ္စည်းများအတွက်နှုန်းထားဖြစ်ပါသည်}
  • ယနေ့ပို့ မနက်ဖြန်ရောက် ပို့ဆောင်ပေးစေလိုလျှင် ဝန်ဆောင်ခ - ၁၆၀၀ိ/ကျပ် {၀.၅ ကီလို အောက် ရှိသောပစ္စည်းများအတွက်နှုန်းထားဖြစ်ပါသည်}
  • (၃)ရက် မှ (၇)ရက် အတွင်းပို့ပေးစေလိုလျှင် ဝန်ဆောင်ခ (၈၀၀ိ/ကျပ်) နှုန်းထားဖြင့် မှာယူသော ကုန်ပစ္စည်းများကို ပိတ်ရက် မရှိ အိမ်အရောက်ပို့ဆောင်ပေးပါမည်။ {၀.၅ ကီလို အောက် ရှိသောပစ္စည်းများအတွက်နှုန်းထားဖြစ်ပါသည်}

{နေ့စဉ် ~ နံနက် (၉) နာရီမှ ညနေ (၆) နာရီ အတွင်း မှာယူထားသောပစ္စည်းများအားပို့ဆောင်ပေးလျှက်ရှိပါသည်။}