အာမခံချက်နှင့် ဝန်ဆောင်မှု (Warranty & Service)

အစားထိုးလဲလှယ်ပေးသောအာမခံချက်

ဇော်ဂျီမတ်တွင် ဝယ်ယူထားသော ကုန်ပစ္စည်းများ၏ အာမခံချက်အမျိုးမျိုးရှိသည့် အနက် ရောင်းချပေးသော Suppliers များအလိုက်ကွဲပြားခြားနားပါသည်။ နာမည်ကြီးထုတ်ကုန်အမှတ်တံဆိပ်များ နှင့် တကွ အာမခံအပြည့်အဝ ပါရှိသောကုန်ပစ္စည်းများအလိုက် အစားထိုးလဲလှယ်ပေးသော အာမခံချက်ရှိပါက ၎င်းအာမခံချက် အတိုင်းအပြည့်အဝရရှိစေရန် ဇော်ဂျီမတ်မှတာဝန်ယူပါမည်။

အခမဲ့ပြုပြင်ပေးသောဝန်ဆောင်မှုစနစ်

ဇော်ဂျီမတ်တွင် ရောင်းချလျှက်ရှိသော အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းအများစုတွင် အာမခံချက်စနစ် ကိုသေချာစွာဖော်ပြပေးထားကြသော ကုန်စည်များစွာရှိပါသည်။ ထိုထုတ်ကုန်ပစ္စည်းကို ဇော်ဂျီမတ်မှဝယ်ယူထားပါက အခမဲ့ပြုပြင်ပေးသော ဝန်ဆောင်မှု့ကို ရရှိမှာဖြစ်ပါတယ်။

ယူဆောင်ပေးခြင်း - ပို့ဆောင်ပေးခြင်း

အာမခံပါရှိသော ထုတ်ကုန်ပစ္စည်းများကို ဇော်ဂျီမတ်မှ ဝယ်ယူသည့်အခါ၌ "Free Return Delivery" အမှတ်အသားပါရှိသော ထုတ်ကုန်ပစ္စည်း များအတွက် အာမခံချက် သည် ဝယ်ယူစားသုံးသူ ပြည်သူများစိတ်ချမ်းမြေ့ဖွယ် ဝန်ဆောင်မှုဖြစ်ကြောင်း ကနဦးအသိပေးလိုပါသည်။ ၎င်းအမှတ်တံဆိပ်ပါ ထုတ်ကုန်များသည် အာမခံကာလ အတွင်းတစ်စုံတစ်ရာအဆင်မပြေမှုများ ရှိခဲ့ပါက ပြုပြင်ရန် (သို့မဟုတ်) အစားထိုးလဲလှည်ရန်တွက်ဇော်ဂျီမတ်မှ လာရောက်ယူဆောင်ပေးခြင်း၊ သက်ဆိုင်ရာ ဆားဗစ်စင်တာသို့ ပို့ဆောင်ပေးခြင်း၊ ပြုပြင်ခြင်း၊ လဲလှယ်ခြင်း ကိစ္စရပ်များပြီးဆုံး၍ အသုံးပြုနိုင်သောအခြေအနေ ပြန်ရောက်သည့်အခါ ကာယကံရှင်ဝယ်ယူသူထံသို့ ပြန်လည်၍ အခမဲ့ပို့ဆောင်ပေးပါသည်။ ဤဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ဇော်ဂျီမတ်မှ ပထမဆုံးစတင် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပါသည်။